Home » » Tantra (2018) TV Series

Tantra (2018) TV Series


Tantra (2018) TV Series

All Episode: 91

Quality: 720p

File Size: 250 MB

Genre: Crime drama, Action, Thriller, Horror,

Language: India

- - - - - - - - - - - -

Tantra (2018) TV Series

Zawgyi

လူတွေဟာ အသက်ရှင်သန်နေထိုင်ဖို့အတွက်

အိမ်ဟာ မရှိမဖြစ် လိုအပ်ပါတယ်။

အိမ်ဆိုတာ လူတွေအတွက် လေဒဏ်မိုးဒဏ်တွေကို ကာကွယ်ပေးတယ်။

ကိုယ့်အိမ်ကိုယ် နေထိုင်ရရင် အလိုလို စိတ်ချမ်းသာမိတယ်လေ။

အိမ်ဆိုတဲ့အမျိုးကလည်း ကောင်းတဲ့အိမ်ရှိသလို

ခိုက်တဲ့အိမ်ဆိုတာလည်း ရှိပြန်တယ်။

အခု ဒီစီးရီးလေးမှာတော့

အတိုက်အခိုက်တွေနဲ့ ပြည့်နှက်နေတဲ့

အိမ်ကြီးအကြောင်းကို ပုံဖော်ထားပါတယ်။

သင်ဟာ  မှော်မန္တာန်နဲ့ အောက်လမ်းနည်းပညာကိုရော ကြားဖူးပါရဲ့လား၊

ပြီးတော့ ကျိန်စာ . . .

ကျိန်စာဆိုတာ ဘာလဲ။

ကြားဖူးတယ်ပဲဆိုပါစို့

ဒါဆိုရင် အဲဒီအောက်လမ်းမှော်အတတ်တွေကို

ယုံကြည်ပါရဲ့လား။

ကိုယ်တိုင်မမြင်ဖူး မတွေ့ဖူးလို့ မယုံကြည်ဘူးလို့ သင်ပြောချင် ပြောလိမ့်မယ်။

တကယ့်တကယ် နဖူးတွေ့ ဒူးတွေ့လာပြီဆိုရင် သင်ဘာလုပ်မလဲ။


အညွှန်း -

သူခိုးနှစ်ယောက်ဟာ ဂျယ်ဆာဆိုတဲ့ အိမ်ကြီးထဲဝင်ပြီး

တစ်ခုခု ခိုးယူဖို့ ကြံစည်ပါတော့တယ်။

ဖြစ်ချင်တော့ အဲဒီအိမ်ကြီးဟာ

မှော်မန္တာန်နဲ့ကျိန်စာတိုက်ထားတဲ့ အိမ်ကြီး ဖြစ်နေတာပေါ့။

ဒါကို မသိတဲ့ သူခိုးနှစ်ယောက်ဟာ

အိမ်ကြီးထဲ ဝင်ခိုးစဉ်

သူတို့လိုချင်တာ မရလိုက်ဘဲ

အဲဒီအိမ်ကြီးရဲ့ ဝါးမြိုခြင်းကို ခံလိုက်ရပါတယ်။

ဒီအချင်းအရာတွေအားလုံးကို မြင်တွေ့လိုက်ရသူကတော့

ဂျယ်ဆာအိမ်ကြီးရဲ့ မျက်နှာချင်းဆိုင်အိမ်က အဖွားအိုတစ်ယောက်ပါပဲ။

အဖွားအိုဟာ ဒီအိမ်ကြီးမှာ ကျိန်စာတိုက်ထားတဲ့အကြောင်း ကောင်းကောင်းသိနေတယ်လေ။

ဒါကြောင့် ဒီအိမ်ကြီးမှာ မနေဖို့အကြောင်း 

စာရေးပြီး အိမ်ခြံရဲ့စာတိုက်ပုံထဲ သွားထည့်ချိန်မှာတော့ . . .


(အဖွားအိုတစ်ယောက်)

"အိမ်ကြီးနဲ့ပတ်သက်တဲ့ အမှန်တရားကို

အဲဒီမိသားစုတွေဆီ ပြောမှဖြစ်မယ်

အိမ်ကြီးကို တစ်ယောက်ယောက်က

ကျိန်စာတိုက်ထားတယ်ဆိုတာ

ပြောကိုပြောရမယ်

အဲဒါမှ ဒီကိုပြောင်းမလာကြမှာ

အဲဒီလိုမှမဟုတ်ရင် ...

အဲဒီလိုမှမဟုတ်ရင် ဒီအိမ်က

သူတို့အားလုံးကို သတ်သွားလိမ့်မယ်"


(အာခီရှတ်)

"အိမ်ကိုကြည့်လိုက်ဦး

ဘာနဲ့တူနေလဲ

ငါ့အမြင်မှာတော့ လူနဲ့တူနေသလိုပဲ

အရှေ့မျက်နှာစာရဲ့ ပြတင်းပေါက်နှစ်ပေါက်က

လူမျက်လုံးတွေအတိုင်းပဲ

ပြီးတော့ အရှေ့တံခါး ...

သက်ရှိတစ်ယောက်ယောက်ကို

ဝါးမြိုဖို့စောင့်နေတဲ့

မကောင်းဆိုးဝါးပါးစပ်ကြီးလိုပဲ

ဖြစ်နိုင်ချေရှိတာက ဒီအိမ်ကြီးက

သူခိုးနှစ်ယောက်ကို အရှင်လတ်လတ်

စားပစ်လိုက်တာပဲ"


(နီယာတီ)

"ငါ မစဉ်းစားဘဲကိုမနေနိုင်ဘူး ...

ဂျယ်ဆာနဲ့မျက်နှာချင်းဆိုင်မှာ

နေတဲ့ အဲဒီအမျိုးသမီးနဲ့တွေ့ချင်တယ်

အဲဒီနေ့က ငါတို့ကို

ပြတင်းပေါက်ကနေ လှမ်းကြည့်နေတာ

ဒီမတော်တဆမှုနဲ့ပတ်သက်ပြီး သူ

တစ်ခုခုသိထားမှာ သေချာတယ်

ဘာလို့နားမလည်ပေးရတာလဲ အာခီရှတ်
ငါ့အတွက် သိပ်ကို အရေးကြီးတယ်
ငါ့မိသားစုက ရက်ပိုင်းအတွင်း
အဲဒီကိုပြောင်းတော့မှာ
ဘယ်စိတ်ခံစားချက်တွေ ဘယ်ရုပ်ရှင်ကမှ
အဲဒီထက် ပိုအရေးမကြီးဘူး
အဓိကက အမေက မိုဟန်ကို
သူခိုးလို့ထင်နေတာပဲ
ငါ ဒီလျှို့ဝှက်ချက်ကို ဖြေရှင်းမှဖြစ်မှာ"

ဒီဇာတ်လမ်းတွဲဟာ တစ်ပိုင်းကို ၂၅ မိနစ်နဲ့
၉၁ ပိုင်း ပါဝင်တာမို့
တစ်ပိုင်းနဲ့တစ်ပိုင်း မပျင်းရလေအောင်
ရင်တစ်ထိတ်ထိတ်နဲ့ ကြည့်လိုက်ကြရအောင်ဗျာ . . .

Share this article :

0 comments:

Post a Comment